How to Register at Wynee Forum

edited October 2018 in Wynee
[unicode]
Wynee Forum တွင် register ပြုလုပ်ပုံ အဆင့်ဆင့်အား အောက်ပါပုံများတွင် ဖေါ်ပြထားပါသည်။

Register အား နှိပ်ပါ။


Registration လုပ်ရာတွင် မပြုလုပ်သင့်သော အချက်များအား ဥပမာအနေနှင့် ပြသထားခြင်းဖြစ်ပါသည်။


Username အားဖြည့်သွင်းရာတွင် English စာလုံးများ နံပါတ်များနှင့် underscore ( _ ) တို့အား တွဲဖက်အသုံးပြုနိင်ပါသည်။ သို့သော် space နှင့် question mark ကဲ့သို့သော စာလုံးများအသုံးပြုခွင့်မရှိပါ။ စာလုံးရေအနည်းဆုံး ၃လုံးမှ အများဆုံး ၂၀ကြား ရှိရပါမည်။

Password သည် စာလုံး အနည်းဆုံး ၆လုံးရှိရပါမည်။

Email, username နှင့် password များ ဖြည့်သွင်းပြီးလျင် Security Check box လေးအား ဖြည့်သွင်းပေးပါ။


I agree to the terms of service checkbox အားလည်း ဖြည့်သွင်းပေးပါ။

အားလုံးပြည့်စုံလျှင် အောက်ဆုံးရှိ Sign Up ခလုတ်အား နှိပ်ပါ။ ယခုလို မြင်တွေ့ရပါမည်။
ဘယ်ဖက်အောက်ရှိ အမည်းရောင် notice သည် သင်ဖြည့်သွင်းခဲ့သော email လိပ်စာသို့ confirmation link အား ပို့ပြီးကြောင်း ပြောကြားနေခြင်းဖြစ်ပါသည်။ ညာဖက်အောက်ထောင့်တွင် မည်သည့် ခလုတ် စာသားမှ မြင်တွေ့ရမည် မဟုတ်ပါ။

အကယ်၍ မိမိ email inbox တွင် Wynee မှ ပို့သော confirmation link mail မတွေ့ပါက အမည်းရောင် notice စာသားထဲမှ Click "here" လင့်အား နှိပ်၍ confirmation mail ထပ်ပို့ရန် စေခိုင်းနိုင်ပါသည်။

မိမိ inbox တွင် confirmation mail အား ယခုလို မြင်တွေ့ရမည်ဖြစ်ပါသည်။

Mail အားဖွင့်ဖတ်၍ အထဲတွင် ပါ၀င်သော Confirmation link အား နှိပ်ပါ။ ခဏစောင့်ပါ။

Confirmation အောင်မြင်ပါက ယခုကဲ့သို့ မြင်တွေ့ရပါမည်။ ဘယ်ဖက်အောက်ထောင့်တွင် black notice စာသားတွေ့မြင်ရမည်မဟုတ်သလို ညာဖက်အောက်ထောင့်တွင်လည်း Discussion အသစ်တင်ရန် + အပေါင်းခလုတ်လေး တွေ့ရမည်ဖြစ်သည်။

အထက်ပါ နည်းလမ်းများအတိုင်း Registration ပြုလုပ်နိုင်ပါသည်။

အခြားသော Registration ဆိုင်ရာ အခက်အခဲများအတွက်  Wynee Facebook Page သို့ စာပို့ ၍ စုံစမ်းနိုင်ပါသည်။ စုံစမ်းရာတွင် မိမိ Registration ပြုလုပ်ရာတွင် အသုံးပြုသော email နှင့် username များအား ပြောပြပေးရန် မေတ္တာရပ်ခံပါသည်။
Sign In or Register to comment.